အမျိုးသမီးများ မိမိကိုယ်မိမိ ဘယ်လိုကာကွယ်ေစာင့်ရှောက်နိုင်မလဲ။ ကိုယ်ဝန်ဖျက်ချခြင်း/ကျန်းမာရေးစောင့်ရှောက်မှု ကိုယ်ရေးကိုယ်တာဆိုင်ရာအချက်အလက်များအတွက် ဒစ်ဂျစ်တယ်လုံခြုံရေးလမ်းညွှန်ချက်

နှစ်ပေါင်းငါးဆယ်နီးပါးကြာအောင် ဖက်ဒရယ်အဆင့်အနေဖြင့် တရားဝင် ပြဌာန်းပေးထားသော တရားဝင် ကိုယ်ဝန်ဖျက်ချနိုင်ခွင့် Roe v. Wade ဥပဒေကို ဖျက်သိမ်းရန်အတွက် ၂၀၂၂ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် US တရားရုံးချုပ် (U.S Supreme Court) မှ တရား၀င်အမိန့်ချမှတ်လိုက်ပါသည်။ ဇူလိုင်လ ၇ ရက်နေ့ အထိ ကိုယ်ဝန်ဖျက်ချခွင့်အမှုကိစ္စအားလုံးနီးပါး သို့မဟုတ် အများစုမှာ တရားဝင်ဖြစ်သင့်သည်ဟု အမေရိကန်နိုင်ငံသားအားလုံး၏ ၆၂ % (62% of Americans) က အများနည်းတူ သဘောတူထောက်ခံထားသော်လည်း၊ ပြည်နယ် ၁၂ ခု (12 states have banned abortion) တွင် ကိုယ်ဝန်ဖျက်ချခွင့်ကို တားမြစ်ထားပြီး၊ နောက်ထပ် ပြည်နယ် ၅ ခု တွင် ပြင်းထန်သောကန့်သတ်ချက်များကို အကောင်အထည်ဖော်ရန် ရှိနေပြီး၊ ၁၁ ခုတွင် အလားတူလုပ်ဆောင်ရန် ပြဌာန်းထားသော ဥပဒေများရှိနေပြီးဖြစ်ရာ — လောလောဆယ်တွင် ထိုဥပဒေသည် အသက်မဝင်သေးပါ။

ပြည်နယ်များသည် ကိုယ်ဝန်ဖျက်ချခြင်းကို ရာဇဝတ်မှုတစ်ခုအဖြစ် သတ်မှတ်သည်နှင့်အမျှ မျိုးပွားမှုဆိုင်ရာ/သားဆက်ခြား ကျန်းမာရေးစောင့်ရှောက်မှုကို အမှန်တကယ်လိုအပ်သောသူများသည် စောင့်ရှောက်မှုခံယူရန် ပိုမိုရှည်လျားသောခရီးအကွာအဝေးတစ်ခုကို မဖြစ်မနေသွားလာရမည်ဖြစ်ပြီး သူတို့ကိုယ်တိုင် မရည်ရွယ်ဘဲ တရားစွဲဆိုခံရနိုင်သည့်အန္တရာယ်ထဲ တွန်းပို့နိုင်ခြေရှိပါသည်။ ကိုယ်ဝန်ဖျက်ချလိုသူများသည် သက်ဆိုင်ရာဆေးခန်းကို ရှာဖွေပြီး ရက်ချိန်းကို အတည်ပြုပေးခြင်းဖြင့် ရှာဖွေမှုများ၊ အီးမေးလ်ဖြင့်အဆက်အသွယ်ပြုခြင်းများ၊ စာသားမက်ဆေ့ချ်များနှင့် ဖုန်းမှတ်တမ်းများမှ စုဆောင်းရရှိထားသော အချက်အလက်များကို ၎င်းတို့အား အမှုဖွင့်ရန်အတွက် အစိုးရရှေ့နေများက ခြေရာခံကာ အသုံးပြုနိုင်ပါသည်။ ၂၀၁၅ ခုနှစ်တွင် Indiana ပြည်နယ်တွင် နေထိုင်သောအမျိုးသမီးတစ်ဦး Indiana woman was convicted of feticide သည် သူမ၏ကိုယ်ဝန်ကိုဖျက်ချရန် misoprostol နှင့် mifepristone တို့ကို အွန်လိုင်းမှတဆင့် မှာယူခဲ့ကြောင်း သက်သေပြသည့် စာသားမက်ဆေ့ခ်ျများကို ထုတ်ပြန်ပြီးနောက် ထိုသန္ဓေတားဆေးဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

အမေရိကန်နိုင်ငံတွင် လောလောဆယ် နိုင်ငံသားများ၏ ကိုယ်ရေးကိုယ်တာအချက်လက် လုံခြုံရေးများကို အကာအကွယ်ပေးရန်အတွက် ကိုယ်ရေးကိုယ်တာ အချက်လက်များကိုကာကွယ်ပေးသည့် ဥပဒေ (national privacy Laws) ကို ပြဋ္ဌာန်းထားခြင်း မရှိသေးသော်လည်း၊ ယနေ့ခေတ်တွင် ၎င်းတို့၏ ဒေတာများကို အသုံးပြုခြင်းမှ အကာအကွယ်ပေးရန် လူတိုင်းလုပ်ဆောင်နိုင်သည့် အဆင့်များ ရှိပါသည်။ Asian Americans Advancing Justice — AAJC သည် ကိုယ်ဝန် ဖျက်ချပိုင်ခွင့်နှင့် ကျန်းမာရေး စောင့်ရှောက်မှုကိုယ်ရေးကိုယ်တာအချက်အလက်များအတွက် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အောက်ပါ အရင်းအမြစ်လမ်းညွှန်ကို တီထွင်ခဲ့ပါသည်။

အောက်ဖော်ပြပါ အကြောင်းအရာသည် သင့်ကိုယ်သင်ကာကွယ်နိုင်ရန်အတွက် အကြံပြုချက်များပင်ဖြစ်သော်လည်း ဥပဒေဆိုင်ရာ အကြံပြုချက်မဟုတ်ကြောင်း ကျေးဇူးပြု၍ သတိပြုရပါမည်။

၁) ဖုန်းခေါ်ဆိုမှုများ

ကြိုတင်ရက်ချိန်းရယူရန် သို့မဟုတ် ချိန်းဆိုမှုအသေးစိတ်ကို အတည်ပြုနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းသို့ ဖုန်းခေါ်ဆိုရန် လိုအပ်ပါက၊ ဖုန်းခေါ်ဆိုရန် အတွက် အခပေးအက်ပ်များဖြစ်သည့္ Hushed သို့မဟုတ် Burner သို့မဟုတ် အခမဲ့အက်ပ်ဖြစ်သည့် Google Voice နံပါတ်ကို အသုံးပြုရန် စဉ်းစားပါ။ ဖြစ်နိုင်သည့်အခါတိုင်း ကျွန်ုပ်တို့သည် Google Voice ထက် ပိုမိုကောင်းမွန်သော ကိုယ်ရေးကိုယ်တာ မူဝါဒများရှိသည့် Hushed သို့မဟုတ် Burner ကဲ့သို့သော အခပေးအက်ပ်တစ်ခုကို အသုံးပြုရန် အကြံပြုထားပါသည်။ ဤအက်ပ်များကို အသုံးပြုခြင်းဖြင့် အစိုးရရှေ့နေတစ်ဦးမှ သင့်ထံသို့ ဆင့်ခေါ်ခံရနိုင်သည့် ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို သင်၏ဖုန်းကုမ္ပဏီနှင့် မျှဝေခြင်းမှ ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။

၂) စာတိုပေးပို့ခြင်း အက်ပ်များ

လာမည့်ရက်ချိန်းအကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် ချစ်ရသူနှင့် ဆက်သွယ်သည့်အခါ၊ သင့်မက်ဆေ့ဂျ်များကို သင့်ဖုန်းကုမ္ပဏီနှင့် မျှဝေခြင်းမှ ကာကွယ်ရန် Signal သို့မဟုတ် WhatsApp ကဲ့သို့ end-to-end ကုဒ်ဝှက်ထားသော chats များကို အသုံးပြုပါ။ Signal ႏွင့္ WhatsApp နှစ်မျိုးလုံးကို ဘာသာစကားမျိုးစုံဖြင့် ရရှိနိုင်ပါသည်၊ အက်ပ်တစ်ခုစီအတွင်းရှိ ဆက်တင်များကို စစ်ဆေးခြင်းဖြင့် မည်သည့်ဘာသာစကားများကို ရနိုင်သည်ကို သင်အတည်ပြုနိုင်ပါသည်။

ကိုယ်ဝန်ဖျက်ချလိုသူများသည် သင်၏စက်ပစ္စည်းပေါ်ရှိ ခိုင်မာ/လုံခြုံမှုရှိသော (strong) လျှို့ဝှက်ကုဒ်ကို အသုံးပြုကာ သင့်အိမ်ထောင်စုရှိ အခြားလူများ သို့မဟုတ် သင်နှင့်အလွန်ခင်မင်ရင်းနှီးသောသူများ သင့်မက်ဆေ့ချ်များကို ၀င်ရောက်ဖတ်ရှုခြင်းမှ တားဆီးရန် Signal အက်ပ်တွင် မက်ဆေ့ချ်များကို ၀ှက်ထားနိုင်သည့်ကြောင်းအရာများကိုလည်း ဖွင့်ထားရန်လည်း စဉ်းစားရန်လိုအပ်ပေသည်။

ဆက်တင်များ (Settings ) > Face ID & Passcode > လက်ရှိ Passcode ကိုရိုက်ထည့်ပါ > Passcode ကိုပြောင်းပါ (Change Passcode) > လက်ရှိ Passcode ကိုထည့်ပါ > ခိုင်မာ/လုံခြုံမှုရှိသော လျှို့ဝှက်ကုဒ် အသစ်တစ်ခုကို ဖန်တီးပါ။

(အရင်းအမြစ် — Macworld, How to change the passcode on iPhone)

Settings > Lock Screen > Screen Lock Type > စကားဝှက်ကို အတည်ပြုပါ (Confirm Password) > စကားဝှက်ကို ရွေးချယ်ပါ (Select Password) > ခိုင်မာ/လုံခြုံမှုရှိသော လျှို့ဝှက်ကုဒ်အသစ်တစ်ခု သတ်မှတ်ပါ။

၃) Period Trackers အက်ပ်များ

သင်သည် ရာသီလာချိန်ခြေရာခံအက်ပ်အသုံးပြုသူဖြစ်ပြီး၊ မိမိတွင်ရှိသောကိုယ်ဝန်ကိုဖျက်ချခဲ့လျှင် ထိုအက်ပ်များတွင် သိမ်းဆည်းထားသည့် ဒေတာများကို ပြန်လည်ခြေရာခံနိုင် သည့်အတွက်ကြောင့် ၎င်းတို့၏ရာသီခြေရာခံအက်ပ်များ (period tracking apps) ကို ဖျက်ပစ်ရန် အကြံပြုထားသည်။ ၎င်းသည် သင့်အတွက် ရွေးချယ်စရာမဟုတ်ပါက သင့်မျိုးဆက်ပွားမှုကျန်းမာရေးကို ခြေရာခံရန် Euki ကဲ့သို့သော ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်ကိုအလေးပေး သည့်အက်ပ်ကို ပြောင်းသုံးရန် စဉ်းစားပါ။ အခြားသော ရာသီခြေရာခံအက်ပ်များနှင့်မတူဘဲ၊ Euki သည် သင့်ဒေတာကို cloud ဆာဗာပေါ်တွင် သိမ်းဆည်း မထားပါ၊ ၎င်းသည် အီးမေးလ် သို့မဟုတ် ဆဲလ်ဖုန်းနံပါတ်တစ်ခုသို့ ချိတ်ဆက်ထားခြင်း မရှိသည့်အပြင် သင့်ဒေတာကို သင်မှလွဲ၍ မည်သူမျှ ဝင်ရောက် အသုံးပြုခွင့်မရှိပါ။

၄) Mobile Ad Id ကို ပိတ်ပါ

သင်၏အွန်လိုင်းလုပ်ဆောင်ချက်ကို သင့် မိုဘိုင်းကြော်ငြာအိုင်ဒီ (mobile ad id) ဖြင့် ချိတ်ဆက်ထားပြီး ခြေရာခံကာ သင့် ပုဂ္ဂိုလ်ရေးသီးသန့် ကြော်ငြာများပေးပို့ရန် အတွက် ထိုဒေတာကို ကြော်ငြာရှင်များနှင့် အက်ပ်ထုတ်လုပ်သူများနှင့် မျှဝေလိုက်ပါသည်။ iPhone သို့မဟုတ် Android တွင် သင့်မိုဘိုင်းကြော်ငြာ ID ကို ပိတ်ရန် အောက်ပါအဆင့်များကို လိုက်နာပါ။

Settings > Privacy > Apple Advertising > Limit Ad Tracking ကို ဖြင့္ပါ။

(အရင်းအမြစ် — Apple, Control Personalized Ads on the App Store, Apple News, and Stocks)

Settings > Privacy > Ads > Advertising ID ကို ဖျက်ပါ။

(အရင်းအမြစ် — Electronic Frontier Foundation, How to Disable Ad ID Tracking)

၅) ပုဂ္ဂိုလ်ရေးအရသီးသန့် ကြော်ငြာများ(Personalized Ads) နှင့် တတိယပါတီမှကွတ်ကီး(Cookies) များကို ဖယ်ပါ

ကုမ္ပဏီများစွာတို့သည် ကျွန်ုပ်တို့၏အွန်လိုင်းတွင် ကျွန်ုပ်တို့လုပ်ဆောင်နေသည်များကို ကြည့်ရှုပြီး ကျွန်ုပ်တို့၏သတင်းအချက်အလက်များကို ဒေတာပွဲစားများနှင့် ကြော်ငြာကုမ္ပဏီများထံရောင်းချရန်အတွက် ကျွန်ုပ်တို့၏အွန်လိုင်းလှုပ်ရှားမှုများကို မှတ်တမ်းတင်ထားကြသည်။ ကုမ္ပဏီတစ်ခုသည် သင့်တွင် ကိုယ်ဝန်ရှိ၊ မရှိကို ကြိုတင်မခန့်မှန်းနိုင်သော်လည်း၊ သင်အွန်လိုင်းတွင် ရှာဖွေနေသည့် အချက်အလက်များကိုအလွယ်တကူ မြင်တွေ့နိုင်ပြီး ထိုရှာဖွေမှုများနှင့်ပတ်သက် သက်ဆိုင်သည့် ကြော်ငြာများဖြင့် သင့်အား ပစ်မှတ်ထားရန် လုပ်ဆောင်မှုကိုစတင်မည်ဖြစ်သည်။

သင့်ဒေတာအချက်အလက်များကို ပိုမိုကာကွယ်ရန်နှင့် သင်၏အသက်အရွယ်၊ ကျား၊ မ နှင့် အွန်လိုင်းအပြုအမူများကို ကြော်ငြာရှင်များနှင့် မျှဝေခြင်းမှ ကာကွယ်ရန်၊ Google၊ Facebook နှင့် Instagram ရှိ ပုဂ္ဂိုလ်ရေးအရသီးသန့်ပြုလုပ်ထားသော ကြော်ငြာများကို သတိထားရှောင်ဖယ်ပြီး ဝဘ်ဆိုက်များမှ တဆင့် ပြင်ပအဖွဲ့အစည်းများမှ ကွတ်ကီးများကို ငြင်းပယ်လိုက်ပါ။

ဖြစ်နိုင်လျှင် သင်၏အွန်လိုင်းအပြုအမူကို ခြေရာခံခြင်းမှ ကြော်ငြာရှင်များကို ရှောင်ရှားရန် ကွတ်ကီးများ၏ တောင်းဆိုမှုကို ငြင်းပယ်လိုက်ပါ။

၆) Location Sharing ကို ပိတ်ပါ

မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးခန်းသို့ သွားရောက်လည်ပတ်ပါက သင်ရောက်ရှိနေသောတည်နေရာဒေတာအချက် အလက်ကို ခြေရာခံ၍မရကြောင်း သေချာစေရန် သင်၏တည်နေရာပြသောဖြန့်‌‌‌‌ဝေမှုကို ပိတ်ပါ။ သင့်တည်နေရာကို တောင်းဆိုသည့်အက်ပ်များစွာသည် ထိုအရာမပါဘဲ အဆင်ပြေသော်လည်း သင့်တည်နေရာကိုသိရှိအောင်ဖွင့်ပြီး မျှဝေလိုက်သည်နှင့် ၎င်းကိုပိတ်ရန်နှင့်ဖျက်ပစ်ရန် နည်းလမ်းမရှိပါ။

ဆေးခန်းသို့ရောက်ရှိရန် မြေပုံကိုအသုံးပြုရန် လိုအပ်ပါက OpenStreet Map သို႔မဟုတ္ OsmAnd (OpenStreet Map or OsmAnd) ကဲ့သို့သော Google Maps ထဲရှိ အခြားရွေးချယ်မှု တစ်ခုကို အသုံးပြုရန် စဉ်းစားထားပါ။

Settings > Privacy > တည်နေရာဝန်ဆောင်မှုများ (Location Services) > Location Services ကို ပိတ်ပါ။

(အရင်းအမြစ် — PC Mag, How to Turn off Location Services)

Settings > Location > Location Services ကို ပြောင်းရန်။

(အရင်းအမြစ် — Business Insider, Google အား သင့် Android ၏တည်နေရာကို ခြေရာခံခြင်းမှ တားဆီးနည်း (How to stop Google from tracking your Android’s location)

၇) ဇီဝအချက်အလက်ဆိုင်ရာ ID (Biometric ID)

ကျန်းမာရေးစောင့်ရှောက်မှုပေးသော ဆေးခန်းသို့ ခရီးသွားသောအခါ အထူးသဖြင့် ပြည်နယ် နယ်စပ်မြို့များနှင့်ခရိုင်ချင်းဆက်သောလမ်းကြောင်းများ ကို ဖြတ်ကျော်သည့်အခါ၊ အထူးသဖြင့် တရားဥပဒေစိုးမိုးရေးဘက်မှ တာဆီးခြင်းခံရနိုင်ခြင်း သို့မဟုတ် သင့်စက်ပစ္စည်းကို သိမ်းဆည်းရမိခြင်းများ ဖြစ်နိုင်ချေ ရှိသည့်အခါတွင် မျက်နှာပုံဖော်သော သက်သေခံ Face ID သို့မဟုတ် လက်ဗွေရာအချက်အလက်ကဲ့သို့သော ဇီဝအခ်က္အလက္ဆိုင္ရာများ ဖွင့်ခြင်း (biometric unlocking) ကို ပိတ်ရန် စဉ်းစားထား ပါ။ ဇီဝအချက်အလက်သက်သေပြသည့်စကင်နာများကို အသုံးပြုမည့်အစား ခန့်မှန်းရ ခက်ခဲသော စကားဝှက် သို့မဟုတ် လျို့၀ှက်ပင်နံပါတ်ကို အသုံးပြုသင့်သည်။

Settings > Touch ID & Passcode > စကားဝှက် ထည့်ပါ (Enter Passcode)> Touch ID ကို ပိတ်ပါ။

(အရင်းအမြစ် — How To Geek, How to Disable Touch ID or Face ID on Your IPhone)

Settings > Biometrics and Security >Fingerprints > Enter Passcode > Fingerprint Unlock ကို ပိတ်ပါ။

Settings > Biometrics and Security > Face Recognition > Enter Passcode > Face Unlock ပိတ်ပါ။

၈) အင်တာနက်မှရှာဖွေရေး ဝဘ်ဘရောက်ဆာများ (Web Browsers)

အကယ်၍ ကိုယ်ဝန်ဖျက်ချခြင်း သို့မဟုတ် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို သင်လိုအပ်နေပြီး၊ Google Chrome ကို သင်၏မူလ အင်တာနက်ရှာဖွေရေးဘရောက်ဆာတစ်ခုအဖြစ် အသုံးပြုခြင်းထက် သတင်းအချက်အလက်နှင့် အရင်းအမြစ်များကို အွန်လိုင်းတွင် ရှာဖွေရန် လိုအပ် လာပါက၊ privacy ကို ပိုမို၍ အလေးထားသည့် DuckDuckGo သို့မဟုတ် Tor ကို အသုံးပြုနိုင်ပါသည်။ ၎င်းတို့၏ဆာဗာများပေါ်တွင် သင်၏ရှာဖွေမှု များအားလုံးကို သိမ်းဆည်းပေးသည့် Google နှင့်မတူဘဲ၊ ဤရှာဖွေရေးအင်ဂျင်များကို သီးသန့်အနေဖြင့် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်အနေဖြင့် ဒီဇိုင်းထုတ်ထားပါသည်။ Google သို့မဟုတ် Safari ကိုသုံးမည့်အစား Firefox Focus ကို အသုံးပြုခြင်းဖြင့် လုံခြုံမှုကို ရရှိစေပါသည်။

ဖြစ်နိုင်သည့်အခါတိုင်းတွင် သင့်ဘရောက်ဆာရှိ ပြင်ပအဖွဲ့အစည်းမှကွတ်ကီးများကို ဖယ်ထုတ်ရန် ကြိုးစားပါ။

၉) အီးမေးလ်ဖြင့် အဆက်အသွယ်ပြုလုပ်ခြင်း

အကယ်၍ သင်သည် အီးမေးလ်မှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆက်သွယ်ရန် လိုအပ်ပါက သို့မဟုတ် အွန်လိုင်းတွင် misoprostol နှင့် mifepristone တို့ကို မှာယူလိုပါက သင့်တွင်ရှိနေသည့် မည်သည့်အကောင့်များနှင့်မျှ မချိတ်ဆက်ထားသော ဒုတိယအီးမေးလ်လိပ်စာကို ဖန်တီးလိုက်ပါ။ Protonmail ႏွင့္ Tutanota တို့သည် Gmail ကဲ့သို့ အသုံးများသော ဝန်ဆောင်မှုပေးသူများ မလုပ်နိုင်သော ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သော အကာအကွယ်များကို ပေးဆောင်သည့် အခမဲ့ရရှိသော အီးမေးလ်ဝန်ဆောင်မှုများဖြစ်သည်။

ကိုယ်ဝန်ဖျက်ချဆေးများကို အွန်လိုင်းတွင် မှာယူပါက ပိုမို၍လုံခြုံမှုရှိစေရန်အတွက် သင်၏မူလနေထိုင်ရာသို့ ပို့ဆောင်ခြင်းထက် ၎င်းတို့ကို ပို့ဆောင်ရန် စာတိုက်ပုံးတစ်ခု (P.O Box) သီးသန့်ဝယ်ရန် စဉ်းစားနိုင်ပါသည်။

၁၀) ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး

သင်ချိန်ဆိုထားသောနေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း၌ ရွေးချယ်မှုကို-ဆန့်ကျင်မည့်ဆန္ဒပြသူများရှိပါက သင့်အထောက်အထားကို ကာကွယ်ရန် ဦးထုပ်၊ နေကာမျက်မှန်၊ ခေါင်းစွပ် နှင့် မျက်နှာဖုံးကို ရုပ်ဖျက်ရန် ယူဆောင်လာပါ။ ဆေးခန်းအပြင်ဘက်တွင်ဆန္ဒပြသူများရှိနေပါက သင်သည်ကားထဲမှ အဆောက်အအုံထဲသို့၀င်ရန် သင်၏ Planned Parenthood သို့မဟုတ် အခြားကိုယ်ဝန်ဖျက်ချရန်ကူညီပေးသူသည် သင့်အား ကူညီကာကွယ်ရန် ဆေးခန်းအစောင့်အကြပ်များ (clinic escorts ) အဆင်သင့်ရှိ၊မရှိကိုလည်း ကြည့်ရှုစစ်ဆေးရန်လိုအပ်နိုင်ပါသည်။

တရားရုံးချုပ်သည် ကျွန်ုပ်တို့အမေရိကန်နိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်ဝန်ဖျက်ချခွင့်ကို ပယ်ချခဲ့သော်လည်း ကိုယ်ဝန်ဖျက်ချလိုသူများသည် အမေရိကန်နိုင်ငံအတွင်းရှိအချို့ပြည်နယ်များတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ဆက်လက်ရရှိနိုင်ပါသည်။ အမျိုးသမီးများအတွက် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ကို ပေးထားသည့် Roe Vs. Wade ဥပဒေကို ဖျက်သိမ်းလိုက်ခြင်းနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များကို ပိုမိုသိရှိလိုပါက၊ မျိုးပွားမှုဆိုင်ရာအကြောင်းအရာများ ပါ၀င်သော တရားမျှတမှုတိုက်ပွဲ၊ အမေရိကန်နိုင်ငံတွင်နေထိုင်သောအာရှသားများနှင့် ပစိဖိတ် ကျွန်းသားများအပေါ် (National Asian Pacific American Women’s Forum ) တွင် ၎င်းတို့၏သက်ရောက်မှုအကြောင်းနှင့် Advancing Justice — AAJC ၏ လူမှုအဖွဲ့အစည်းရှင်းလင်းချက် (community briefing) ကို ကြည့်ရှုလေ့လာနိုင်ပါသည်။

သင် သို့မဟုတ် သင်နှင့်သိသော တစ်စုံတစ်ယောက်သည် ကိုယ်ဝန်ဖျက်ချရန် လိုအပ်ပြီး ငွေကြေး သို့မဟုတ် ထောက်ပံ့ပို့ဆောင်ရေး ပံ့ပိုးမှု လိုအပ်ပါက၊ နောက်ထပ် သတင်းအချက်အလက်များအတွက် ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာရန်ပုံငွေများကို အမျိုးသားကွန်ရက် (National Network of Abortion Funds ) သို့ သွားရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။ အကယ်၍ သင်သည် Texas ပြည်နယ်တွင် ရရှိနိုင်သော အရင်းအမြစ်များကို ရှာဖွေနေပါက၊ NAPAWF Texas ပြည်နယ်တွင် မကြာသေးမီကမှ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ လမ်းညွှန်ချက်ကို ဘာသာစကား ခြောက်မျိုးဖြင့် ရရှိနိုင်သည့် — ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ စောင့်ရှောက်မှုများကို၊ ၎င်းပြည်နယ်ရှိ ဆေးခန်းများ၏နာမည် စာရင်းနှင့် ရရှိနိုင်သော ထောက်ပံ့ငွေများ ဆိုင်ရာ လမ်းညွှန်ချက်များကို ရရှိနိုင်ပါသည်။

--

--

Fighting for civil rights for all and working to empower #AsianAmericans to participate in our democracy.

Get the Medium app

A button that says 'Download on the App Store', and if clicked it will lead you to the iOS App store
A button that says 'Get it on, Google Play', and if clicked it will lead you to the Google Play store
Advancing Justice – AAJC

Fighting for civil rights for all and working to empower #AsianAmericans to participate in our democracy.